ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော စားသောက်ကုန်ပစ္စည်းများအား ကရင်ပြည်နယ်ဥပဒေချုပ်မှ ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ရေကြီးစဉ်ကာလအတွင်း လှူဒါန်း

ဘားအံ၊ သြဂုတ် ၁

     ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ပထမအပတ်၌ ရေကြီးစဉ်ကာလအတွင်း ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာတော်များ ဆွမ်း/ကွမ်းကိစ္စအဆင်ပြေစေရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော စားသောက်ကုန်ပစ္စည်းများအား ကရင်ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)