ဘုရားသုံးဆူမြို့၊ အထက်တန်းကျောင်းခန်းမ၌ မူးယစ်ဆေးဝါးနှင့် လူမှောင်ခို၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

ဘုရားသုံးဆူ၊ ၇ စက်တင်ဘာ

 

ကော့ကရိတ်ခရိုင်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်သည် (၇.၉.၂၀၁၈) ရက်နေ့ (၁၃:၀၀)အချိန် တွင် ဘုရားသုံးဆူမြို့၊ အထက်တန်းကျောင်းခန်းမ၌ မူးယစ်ဆေးဝါးနှင့် လူမှောင်ခို၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သော ဥပဒေဆိုင်ရာ အကြောင်းအရာများ ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

(သတင်းစဉ်)