ဘားအံ၊ ၈ စက်တင်ဘာ

(၈.၉.၂၀၁၈) ရက်နေ့ နံနက်(၇:၀၀)အချိန် ဓမ္မပီယဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့် ပြည်သူများအား ကရင်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ကရင်ပြည်နယ်တရားလွှတ်တော်ချုပ်ရုံးတို့မှ စုပေါင်း၍ အာဟာရမှုန့် ချက်ပြုတ်လှူဒါန်းခဲ့ရာ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်တို့နှင့်တကွ တရားရေးဦးစီးဌာနမှူး၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
