ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ပြည်နယ်/ခရိုင်/မြို့နယ် စာရေးဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ဥပဒေကြောင်းဆိုင်ရာနှင့် ပတ်သက်သည်များ သင်ကြားပို့ချ

ဘားအံ၊ ၁၀ စက်တင်ဘာ

     (၁၀.၉.၂၀၁၈) ရက်နေ့ (၁၃:၀၀)အချိန် ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော ပြည်နယ်/ခရိုင်/မြို့နယ် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၂/၂၀၁၈)တွင် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၊ လက်ထောက် ပြည်နယ်ဥပဒေအရာရှိ ဦးချမ်းသာမှ ဥပဒေကြောင်းဆိုင်ရာနှင့် ပတ်သက်သည်များကို သင်ကြား ပို့ချခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)