မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် JICA တို့ပူးပေါင်း၍ Seminar on Handing IP Issues and Forensic Evidence including DNA and Digital Evidence အခမ်းအနား ကျင်းပ

မော်လမြိုင် အောက်တိုဘာ ၁၅

 

 

        ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် JICA တို့ ပူးပေါင်း၍ Seminar on Handing IP Issues and Forensic   Evidence including DNA and Digital Evidence  နှင့် Seminar on Scrutinizing Joint Venture Agreement and Land Lease Agreement ကို   ၁၃.၁၀.၂၀၁၈ ရက်နေ့နှင့် ၁၄.၁၀.၂၀၁၈ ရက်နေ့တို့တွင်  နံနက်(၈းဝ၀)နာရီမှ ညနေ(၁၆း၃၀)နာရီအထိ မော်လမြိုင်မြို့၊ရာမညဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်အေးအေးမို့က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ဆွေးနွေးပို့ချမှုကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး   ဒေါက်တာကြည်ကြည်သန်းအောင် ၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာရေဝသာ၊JICA မှ Mr. Kagunori NOSE , Ms. Tomoko NAKASHIMA တို့က ဦးဆောင်ဆွေးနွေးပို့ချကြပါသည်။

ဆွေးနွေးပွဲဒုတိယနေ့တွင် မွန်ပြည်နယ်ဥပဒေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် JICA အဖွဲ့ တို့အား ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲ အစီအစဉ်ပြီး မြောက်ခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိနှင့် ဒုတိယပြည်နယ်ဥပဒေ အရာရှိများ ၊ ရုံးအဖွဲ့မှူး ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ ၊ ဦးစီးမှူးများ ၊ မွန်ပြည်နယ်အတွင်းမှ  ခရိုင်ဥပဒေအရာရှိများ ၊ ဒုခရိုင်ဥပဒေအရာရှိများ ၊ မြို့နယ်ဥပဒေအရာရှိများ ၊ ဒုမြို့နယ်ဥပဒေအရာရှိများ ၊ စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်