ကရင်ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေးအတွက် တင်ဒါခေါ်ယူခြင်း ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်

ဘားအံ၊ အောက်တိုဘာ ၁၂

     (၁၂.၁၀.၂၀၁၈) ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေးအတွက် တင်ဒါခေါ်ယူခြင်းဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် ဥပဒေအရာရှိတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)