မော်လမြိုင်၊ နိုဝင်ဘာ ၁၂
ဒုတိယအကြိမ်စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဥပဒေချုပ်ရုံးတွင် ၁၁-၁၁-၂၀၁၈ ရက်နေ့၊ နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ မွန်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြပါသည်။
ကထိန်လျာသင်္ကန်းကို မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်၊ ပန်းခြံကုန်းရပ် မြတ်ပဋ္ဌာန်းကျောင်းဆရာတော်အား ကပ်လှူပူဇော်ခဲ့ကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
