အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ   ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ်အား နေပြည်တော်အမျိုးသမီးကော်မတီဝင်များနှင့် ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(နေပြည်တော်)တို့ ပူးပေါင်း၍ အမျိုးသမီးများနှင့် မိန်းကလေးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲအား ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ပြုံးသီရိဝေက ၀ဏ္ဏဒီပရပ်ကွက်တွင် လည်းကောင်း  ဒု-မြို့နယ်ဥပဒေအရာရှိ ဦးဇော်မင်းသိန်းက ကျည်တောင် ကျေးရွာ၌ လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

(သတင်းစဉ်)