ဖာပွန် ဒီဇင်ဘာ ၁၁

၁၁.၁၂.၂၀၁၈ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် ဖာပွန်မြို့ယွန်းစလင်းခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ဖာပွန်ခရိုင်ဥပဒေအရာရှိ ဦးအောင်မြင့်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်အကြောင်း ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲတွင် ဖာပွန်ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာရပ်ကွက် အုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
(သတင်းစဉ်)
