ဘားအံ၊ ဇွန် ၁၈ ရက်

(၁၈.၆.၂၀၁၉) ရက်နေ့ နံနက်(၉:၃၀)အချိန် ဘားအံမြို့နယ်၊ အိန္ဒုအခြေခံပညာအထက် တန်းကျောင်း၊ စံပယ်ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း (Public Talk) အခမ်းအနားတွင် ဘားအံခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်းမှ ပါဝင်ဟောပြောခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့သည်။
(သတင်းစဉ်)
