ပြည်ထောင်စုရှေ့နေချုပ်သည် နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၉

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို  သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပဋိပက္ခအတွင်း အမျိုးသမီး များအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေမှုများ၊ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာများနှင့် ပညာသင်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းတို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                     (သတင်းစဉ်)