ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

ဒီမော့ဆို၊ ဇူလိုင် ၂၇ ရက်

 

 

        ဒီးမော့ဆိုမြို့နယ် ၊ နန်းမယ်ခုံမြို့တွင် ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရား မျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဥပဒေအသိပညာပေးဟောပြောပွဲကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင် လ ၂၇ ရက်နေ့ ၊ နံနက်(၀၉:၀၀)နာရီအချိန် ၊ နန်းမယ်ခုံမြို့ ၊ မြို့ခန်းမ၌ ကျင်းပပြုလုပ်ရာ နန်းမယ်ခုံမြို့နေ ပြည်သူ(၂၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ကယားပြည်နယ်တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ခွဲ၀င်များဖြစ်သော ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးဇော်လင်း ၊ ပြည်နယ်ဥပဒေအရာရှိ ​ဒေါ်လွင်လွင်သန်း ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးသိန်းမြင့်ဇော် ၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲမှူး၀င်းနိုင် ၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးဦး၀င်းသွင်ဦး ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအထူးတပ်ဖွဲ့မှ ရဲမှူး မျိုးလွင်တို့က မိမိတို့ ဌာနအသီးသီး၏ ဆောင်ရွက်လျက်များနှင့် ပြည်သူတို့သိသင့်သိထိုက်သော ဥပဒေပညာပေးကိစ္စရပ်များကို ဟောပြောကြပြီး တက်ရောက်လာကြသော ပြည်သူများ ကိုယ်စားပြည်သူ(၄)ဦးမှ သိလိုသည်များကို မေးမြန်းကြကာအခမ်းအနားကို မွန်းလွဲ(၁၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)