အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတက်ရောက်

ဘားအံ၊ ဇူလိုင် ၂၆ ရက်

       (၂၆.၇.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)ခန်းမ၌ အမျိုးသမီးများဘ၀ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် ဘားအံမြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးရဲ၀ဏ္ဏထွဋ်မှ ပါဝင်ဟောပြောခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာမများနှင့် ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)