ကော့ကရိတ်၊ ဇူလိုင် ၂၆ ရက်

(၂၆.၇.၂၀၁၉) ရက်နေ့ မွန်းလွဲ(၁:၀၀)အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှိုင်၀၌ လူငယ်နှင့်သက်ငယ်မုဒိမ်း ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားတွင် ကော့ကရိတ်ခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မူမှ ပါဝင်ဟောပြောခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
