ဘားအံ၊ ဇူလိုင် ၁၃ ရက်

(၁၃.၇.၂၀၁၉) ရက်နေ့ နံနက်(၉:၃၀)အချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့များရှိ ၂၀၁၈-၂၀၁၉ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသား/ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ခု ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့သည့် အခမ်းအနားသို့ ကရင်ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေးတက်ရောက်ပြီး ပညာသင်စရိတ်များ ထောက်ပံ့ပေးခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
