အီးယူပညာသင်ဆု Erasmus Mundus Joint Master Degrees (EMJMDs) ပညာသင်ဆုများလျှောက်ထားနိုင်

နေပြည်တော်၊ စက်တင်ဘာ ၁၆ ရက်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာသင်ဆုများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စတင် လျှောက်ထားနိုင်ပါကြောင်း၊ Erasmus Mundus Joint Master Degrees (EMJMDs) ပညာသင်ဆုများလျှောက်ထားရာတွင်

  • တက္ကသိုလ်တစ်ခုခု၌ ပညာသင်နှစ် အနည်းဆုံး(၃) နှစ် တက်ရောက်ရသော ဝိဇ္ဇာ/သိပ္ပံဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။
  • အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိရမည်ဖြစ်သည်။
  • သက်ဆိုင်ဘာဘာရပ်နှင့်ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ ရှိရမည်ဖြစ်သည်။

သို့ဖြစ်၍ မိမိလျှောက်ထားလိုသော တက္ကသိုလ်များ၏ အသေးစိတ်အချက်များကို အောက်ဖော်ပြပါ Link တွင် အသေးစိတ်ဝင်ရောက် ကြည့်ရှု၍ Application Form ကို Download ရယူနိုင်ပါသည်။

Download Link: https://eacea.ec.europa.eu/erasmus-plus/library/scholarships-catalogue_en