ဘားအံ၊ စက်တင်ဘာ ၂၀ ရက်

၂၀.၉.၂၀၁၉ မွန်းတည့် ၁၂:၀၀ နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ICJ တို့ ပူးပေါင်း၍ ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်၌ ၂၁.၉.၂၀၁၉ ရက်နေ့မှ ၂၂.၉.၂၀၁၉ ရက်နေ့ နံနက် ၉:၀၀ နာရီမှ ၁၇:၀၀ နာရီအထိ ကျင်းပပြုလုပ်မည့် ဥပဒေအရာရှိကျင့်ဝတ်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး၊ CEDAW ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်သည့် ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်တို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
