ဘားအံ၊ စက်တင်ဘာ ၂၁ ရက်

၂၁.၉.၂၀၁၉ ရက်နေ့ မှ ၂၂.၉.၂၀၁၉ ရက်နေ့ထိ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ICJ တို့ ပူးပေါင်းကျင်းပသည့် ဥပဒေအရာရှိကျင့်ဝတ်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး၊ CEDAW ဆိုင်ရာ သိကောင်းစရာများ အလုပ်ရုံ ဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင် တက်ရောက်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ICJ မှတာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။
(သတင်းစဉ်)
