ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦး၀င်းမြင့်သည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Tim Enderlin အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  စက်တင်ဘာ  ၁၆

          ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦး၀င်းမြင့်သည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E Mr.Tim Enderlin ကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပြည်ထောင် စုရှေ့နေ ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် ဥပဒေ၊ အမျိုးသမီးများအား  အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေနှင့် သားဆက်ခြား ကျန်းမာရေး ဥပဒေတို့ ပြဌာန်း ဆောင်ရွက်မှုအခြေအနေများ၊  အမျိုးသားမြေယာဥပဒေ ပြဌာန်း နိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆွစ်ဇာ လန်နိုင်ငံမှ မြန်မာနိုင်ငံအား အထောက်အပံ့ပြုနေသည့် စီမံကိန်းလုပ်ငန်းစဉ်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာဦးတို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                     (သတင်းစဉ်)