သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်

ဘားအံ၊ စက်တင်ဘာ ၁၃ ရက်

  ၁၃.၉.၂၀၁၉  ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီအချိန် မြ၀တီမြို့၊ သောင်ရင်းခန်းမ၌ သတ္တမ အကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ မြ၀တီခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်မှ တက်ရောက်ပြီး အခြေခံပညာအလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသူအား ဆုချီးမြှင့်ခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/မများ၊ ကျောင်းသား/ သူများတက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)