ဘားအံ၊ စက်တင်ဘာ ၁၃ ရက်

၁၂.၉.၂၀၁၉ ရက်နေ့ မှ ၁၃.၉.၂၀၁၉ ရက်နေ့အထိ နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ဘားအံမြို့၊ Hotel Perfect ၌ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ပူးပေါင်းဆောင်ရွက်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း(NSPAW)နှင့် ကျား/မရေးရာမူဝါဒများ ထွက်ပေါ်လာရေးအတွက် အဓိက ကျသော ကိရိယာများဆင့်ပွားသင်တန်း သို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ရုံးအဖွဲ့မှူး ဦးညီညီလွင်နှင့် ဦးစီးအရာရှိ ဦးမျိုးဝင်းကျော်တို့ တက်ရောက်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
