ဘားအံ၊ စက်တင်ဘာ ၁၃ ရက်

၁၃.၉.၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ သတ္တမမြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ခင်ခင်အေးတို့ တက်ရောက်ခဲ့ရာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
