မြဝတီ၊ နိုဝင်ဘာလ ၁၈ ရက်

(၁၈.၁၁.၂၀၁၉) ရက်နေ့ နံနက်(၀၉:၀၀)အချိန် မြ၀တီပြန်လည်ထူထောင်ရေးစခန်း၊ ဓိဋ္ဌာန်အောင်ဘုရားလမ်း၌ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း၊ အမှတ်စဉ် (၂/၂၀၁၉)တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ဘာသာရပ်ဖြင့် မြ၀တီခရိုင်ဥပဒေရုံး၊ ဦးစီးအရာရှိ ဦးရှိန်းဇော်မှ ဆွေးနွေးသင်ကြားခဲ့ရာ ပြန်လည်ထူထောင်ရေးစခန်းမှ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
