ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာ ၅ လုံးနှင့် ဂိုဒေါင် ၁ လုံး တို့အား ဆောက်လုပ်မည်ဖြစ်ပါ၍ နိုင်ငံသားလုပ်ငန်းရှင်များ မည်သူမဆို အောက်ပါလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) ဒက္ခိဏခရိုင်ဥပဒေရုံးဝန်ထမ်းအိမ်ရာ (၁၀၆‘x၄၂‘x၃၆‘) RC ၄ ခန်းတွဲ ၃ ထပ် Lot 1
(ခ) ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ (၅၈‘x၃၆‘x၂၄‘) RC ၂ ခန်းတွဲ ၂ ထပ် Lot 2
(ဂ) ဥတ္တရသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ (၅၈‘x၃၆‘x၂၄‘) RC ၂ ခန်းတွဲ ၂ ထပ် Lot 3
(ဃ) ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ (၅၈‘x၃၆‘x၂၄‘) RC ၂ ခန်းတွဲ ၂ ထပ် Lot 4
(င) ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးဝန်ထမ်းအိမ်ရာ (၅၈‘x၃၆‘x၂၄‘) RC ၂ ခန်းတွဲ ၂ ထပ် Lot 5
(စ) ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်းအတွင်း (၂၀‘x၈၀‘x၁၂‘) RC တစ်ထပ် ဂိုဒေါင် Lot 6
၂။ အိတ်ဖွင့်တင်ဒါ လျှောက်ထားရာတွင် သတ်မှတ်ထားသည့် အိတ်ဖွင့်တင်ဒါပုံစံဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါပုံစံများကို အောက်ပါအစီအစဉ်အတိုင်း ရောင်းချသွားမည် ဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုချင်းစီအတွက် တင်ဒါပုံစံတစ်စောင်စီ ပေးသွင်းရမည် ဖြစ်ပါသည်-
တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၂၂-၁၁-၂ဝ၁၉
တင်ဒါပုံစံနောက်ဆုံးထား၍ပေးသွင်းရမည့်ရက်နှင့် – ၁၄-၁၂-၂ဝ၁၉
အချိန် – (၁၆:၀၀)နာရီ
တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်ဒါပေးသွင်း – ထောက်ပံ့နှင့်အဆောက်အအုံဌာနခွဲ
ရမည့်နေရာ စီမံရေးရာဦးစီးဌာန
ပြည်ထောင်စုရှေ့နေချုပ်ရုံး
နေပြည်တော်
၃။ နည်းပညာအဆိုပြုလွှာ(Technical) အောင်မြင်သည့် ကုမ္ပဏီများကိုသာ ငွေကြေးအဆိုပြုလွှာ (Financial Proposal) တင်သွင်းခြင်းကို လက်ခံမည်။
၄။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော် ဖုန်း-၀၆၇-၄၀၄၁၄၆၊ ၀၆၇-၄၀၄၂၈၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
ပြည်ထောင်စုရှေ့နေချုပ်ရုံး

