ဘားအံ၊ ဒီဇင်ဘာ ၂၀ ရက်

(၂၀.၁၂.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်ကြည့်ရှုခဲ့ရာ ၀န်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်ဂျပ်ခုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
