ဘားအံ၊ ဒီဇင်ဘာ ၂၃ ရက်

(၂၃.၁၂.၂၀၁၉)ရက်နေ့ ညနေ(၄:၀၀)အချိန် ဘားအံမြို့၊ အောင်သံလွင်ကွင်း၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး တက်ရောက်၍ ဆုရရှိသော ဘောလုံးအားကစားသမားအား ဆုချီးမြှင့်ခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပေါင်းစုံ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
