ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဘားအံ၊ ဒီဇင်ဘာ ၃၀ ရက်

(၃၀.၁၂.၂၀၁၉) ရက်နေ့ နံနက်(၆:၃၀)အချိန် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်ရပ်၊ ကြာအင်းတောင်ခြေရှိ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ကရင်ပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် ဦးစောပီဖိုးတို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အဦကမ္ပည်းမော်ကွန်းအား အမွေးနံသာရည်များ ပတ်ဖျန်းပေးကြသည်။ တာဝန်ယူတည်ဆောက်သော Asian Titan Co.,Ltd  အုပ်ချုပ်မှုဒါရိုက်တာက ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်ထံ အဆောက်အဦနှင့်ပတ်သက်သည့် စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ဖွင့်ပွဲအပြီးတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ၊ ရှေ့နေများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)