တရားလွှတ်တော်ရှေ့နေများကောင်စီ
အသိပေးကြေညာခြင်း
၁။ တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲကို ၂-၈-၂၀၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအတွင်း ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး / ပြည်နယ်များအလိုက် မဲဆန္ဒနယ်များ ဖွဲ့စည်းပြီး ဖြစ်ပါသည်။
၂။ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ အပိုဒ် ၄ အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တရားလွှတ်တော်ရှေ့နေသည် မိမိဆန္ဒမဲပေးလိုသည့် မဲဆန္ဒနယ်တွင် မဲစာရင်း၌ အမည်ထည့်သွင်းပေးရန် သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ ပုံစံ (၁) ဖြင့် ၁၃-၆-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
၃။ ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုသော တရားလွှတ်တော်ရှေ့နေသည် ကောင်စီဝင်လောင်းအဆိုပြုလွှာ ပုံစံ (၄) ကို ၁၈-၆-၂၀၂၀ ရက်နေ့ထက်မစော၊ ၃-၇-၂၀၂၀ ရက်နေ့ထက် နောက်မကျဘဲ အတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၊ ရုံးအမှတ် ၂၅၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ပါသည်။
၄။ အထက်ပါ ပုံစံများကို သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ခရိုင်ဥပဒေရုံးတွင်လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး Website တွင်လည်းကောင်း ရယူနိုင်ပါသည်။
၅။ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံး Website – www.oag.gov.mm နှင့် www.mlis.gov.mm တို့တွင် ဖော်ပြထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ
[googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/06/form-1-2.pdf” download=” Download” width=” 400″ height=” 600″][googlepdf url=” http://www.oag.gov.mm/wp-content/uploads/2020/06/form-4-1.pdf” download=” Download” width=” 400″ height=” 600″]
