အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

လှိုင်းဘွဲ့၊ ဇူလိုင် ၇ ရက်

(၇.၇.၂၀၂၀)ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် လှိုင်းဘွဲမြို့၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းများ တိကျ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လှိုင်းဘွဲမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်း တက်ရောက်ခဲ့ရာ လှိုင်းဘွဲမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)