နေပြည်တော်၊ ဇူလိုင် ၇

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့နံနက် ၁၀:၃၀ အချိန်တွင် Virtual Meeting ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုများနှင့် နော်ဝေနိုင်ငံမှ ကူညီဆောင်ရွက်နေမှုများ၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review − UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော်ရေးနှင့် အစီရင်ခံစာရေးသားပြုစုတင်ပြနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေမှုများ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Inquiry-ICOE) ၏ အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် နော်ဝေနိုင်ငံ သံရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
