ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ဟောပြောပွဲ ကျင်းပပြုလုပ်

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာလ ၂၂ ရက်

(၂၂.၉.၂၀၂၀)ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီအချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး Talk Show ဟောပြောပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်နှင်းကြည်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုမွန်လှိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)