လှိုင်းဘွဲ့၊ နိုဝင်ဘာလ ၁၈ ရက်

(၁၈.၁၁.၂၀၂၀)ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီအချိန် လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦ:စီးဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ပူးပေါင်း၍ (၃၁)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းနှင်းဝင်း ပါဝင်ဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ မြို့နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ မြို့နယ်လူမှုဝန်ထမ်းဦ:စီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရန်အောင်နှင့် World Vision မြန်မာမှ စီမံရေးတာဝန်ခံ ဒေါ်ခိုင်ယဉ်နုတို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
