ပြည်ထောင်စုရှေ့နေချုပ် သည် UNODC မှ Country Manager ဖြစ်သူ Mr. Benedikt Hofmann အား လက်ခံတွေ့ဆုံ

နေပြည်တော်၊   နိုဝင်ဘာ   ၁၉

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNODC မှ Country Manager ဖြစ်သူ Mr. Benedikt Hofmann နှင့်အဖွဲ့ကို ယနေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် တရား ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ၊ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် တရားစွဲ အမှုလိုက်ဆိုင်ရာလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ၂၀၁၄ ခုနှစ်မှစတင်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် UNODC တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များ၊ COVID-19 ကူးစက်ရောဂါကာလအလွန်တွင် UNODC နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” (၂၀၂၀-၂၀၂၄) လုပ်ငန်းဆောင်ရွက်မှုများတွင် UNODC မှ ထောက်ပံ့ ပေးနိုင်မည့်လုပ်ငန်းနယ်ပယ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ပါသည်။

                                                                                                       (သတင်းစဉ်)