ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး Talk Show တွင်ပါဝင်ဆွေးနွေး

ကြာအင်းဆိပ်ကြီးမြို့နယ်၊ နိုဝင်ဘာလ ၂၀

(၂၀.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦ:စီးဌာန၌ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင် ပါဝင်ဆွေးနွေးခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦ:စီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုမွန်လှိုင်တို့  ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)