ဟောင်ကောင်ဒေသရှိ Lingnan University တွင် ပညာသင်ဆုလျှောက်ထားနိုင်

 နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ရက်

ဟောင်ကောင်ဒေသရှိ Lingnan University တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွင်း ဖွင့်လှစ်မည့် Master of Philosophy Programme ပညာသင်ဆုအား အရည်အချင်းပြည့်မီသူ ဝန်ထမ်းများ လျှောက်ထားနိုင်ပါကြောင်း၊

ရွေးချယ်ခံရသူများသည် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၁၇၈၃၀/- (အမေရိကန်ဒေါ်လာ ၂၃၀၀/ခန့်) ကို Research Grants Council မှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သင်တန်းလျှောက်လွှာများကို ၂၂-၁-၂၀၂၁ ရက်နေ့ထိ နောက်မကျစေဘဲ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပညာသင်ဆုအသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှု၍ လျှောက်ထားနိုင်ပါသည်။

https://www.ln.edu.hk/reg/info/pgrad/