ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ပွဲအခမ်းအနားတက်ရောက်

ဘားအံမြို့၊ ဇန်နဝါရီလ ၂၁ ရက်

(၂၁.၁.၂၀၂၁)ရက်နေ့ နံနက်(၈:၃၀)မှ (၁၁:၃၀)နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌  ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ပွဲအခမ်းအနားကို Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခြင်းသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ဘားအံခရိုင်/မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများ တက်ရောက်ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်နှင့်တကွ ဥပဒေအရာရှိများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)