အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၂) ညှိနှိုင်း အစည်းအဝေးတက်ရောက်

ဘားအံ၊ ဇန်နဝါရီလ ၂၆ ရက်

(၂၆.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် ကရင်ပြည်နယ်လူမှုဝန်ထမ်းဦ:စီးမှူးရုံးနှင့် UN WOMEN တို့ ပူးပေါင်း၍ ကရင်ပြည်နယ်ရှိအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၂)တွင် ဦးစားပေး ရွေးချယ်ထားသော COVID-19 တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်း အစည်းအဝေးသို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဒေါ်အယ်လ်မာစိုး တက်ရောက်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ UN WOMEN မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)