ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို အသိပညာပေးဟောပြော

မြဝတီမြို့၊ ဇန်နဝါရီလ ၂၀ ရက်

(၂၀.၁.၂၀၂၁)ရက်နေ့မှ (၂၄.၁.၂၀၂၁) ရက်နေ့အထိ မြ၀တီမြို့၊ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) ရပ်ကွက်များတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို အသိပညာပေးဟောပြောရှင်းလင်းခြင်း၊ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်းများသို့ မြ၀တီမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်ထက်အောင်တက်ရောက် ဟောပြောရှင်းလင်းခြင်းပြုလုပ်ခဲ့ရာ  ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ မြို့နယ်လ၀ကမှူးဦ:ကျော်စိုးထွန်း၊ မြို့နယ်ကုန်တင်ကုန်ချဦးစီးအရာရှိ ဦ:စိုးနိုင် တို့ ပါဝင်ဟောပြောရှင်းလင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

 (သတင်းစဉ်)