The Virtual Online Webinar for Basic Knowledge of Competition Law သို့တက်ရောက်

မြဝတီ၊ ဇန်နဝါရီလ ၁၈ ရက်

(၁၈.၁.၂၀၂၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ ညနေ(၅:၀၀)နာရီအထိ  JICA မှ ကြီးမှူး ကျင်းပသည့် The Virtual Online Webinar for Basic Knowledge of Competition Law သို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ခင်ခင်အေးနှင့် မြ၀တီခရိုင် ဥပဒေရုံးမှ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်တို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်နယ်/တိုင်းဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ JICA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)