ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ (The Criminal Investigation and Prosecution Body- CIPB) ၏ (၁/၂၀၂၁ ) အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာလ ၆ ရက်

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ (The Criminal Investigation and Prosecution Body- CIPB) ၏ (၁/၂၀၂၁) အစည်း အဝေးကိုယနေ့နံနက် ၁၁:၀၀ အချိန်တွင်ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲ ဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်း ပပြုလုပ်သည့်အစည်းအဝေးသည် ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ဆဌမအကြိမ်မြောက်အစည်းအဝေးဖြစ်ပြီး ပဥ္စမအကြိမ်မြောက်အစည်း အဝေးကို ၉-၁၀-၂၀၂၀ ရက်နေ့တွင်နောက်ဆုံးကျင်းပနိုင်ခဲ့ကြောင်း၊ ကိုဗစ် ၁၉ ကူးစက်ရောဂါ ပြန့်နှံ့မှုကြောင့်ယနေ့အစည်းအဝေးမကျင်းပဖြစ်သည်မှာအချိန်ကာလ ၉ လခန့်ကြာသွားပြီဖြစ် ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင်စပ်လျဉ်း၍ ပူးပေါင်းစုံစမ်းအရေးယူရေးအဖွဲ့ (Task Force of the Criminal Investigation and Prosecution Body) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အကြား အဆက်အသွယ်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မ ရှင် (ICOE) အစီရင်ခံစာနှင့်စပ်လျဉ်း၍ ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်း နှင့်တရားစွဲဆိုခြင်း များဆောင်ရွက်ရေးအဖွဲ့၏တာဝန်များအား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ CIPB သို့အထောက်အကူပြုနေသောလုပ်ငန်းအဖွဲ့ငယ်တစ်ခုဖြစ်သည့် ပူးပေါင်း စုံစမ်းအရေးယူရေးအဖွဲ့ (Task Force of the Criminal Investigation and Prosecution Body-TFCIPB) ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေ ခေါင်းဆောင်သော ပူးပေါင်းစုံစမ်းအရေးယူရေးအဖွဲ့ (Task Force of the Criminal Investigation and Prosecution Body-TFCIPB) က ၂၆-၈-၂၀၂၁ ရက်နေ့တွင််အစည်းအဝေးကျင်းပခဲ့ကြောင်း၊ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) အစီရင်ခံစာအရစွဲဆိုသောအမှုများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ထပ်မံဖွင့်လှစ်မည့်အမှုများကိုအတည်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေး၍ တရားစွဲ တင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း၊ သက်ဆိုင်ရာ တိုင်တန်းမှုယန္တရား (Complaint Mechanism) တွင်တိုင်တန်းနိုင်ကြောင်း ကိုအများပြည်သူ သိရှိနိုင်ရေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ICOE အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ပြစ်မှုကျူးလွန်သူများအားစုံစမ်းဖော်ထုတ်တရားစွဲဆိုနိုင်ရေးအတွက် အစည်းအဝေးတက်ရောက် လာသူများကဆွေးနွေးပေးကြရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်အစည်းအဝေးတက်ရောက်လာကြသူများက ICOE အစီရင်ခံစာပါအကြံပြုချက်များ အတိုင်းပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်တရားစွဲဆိုနိုင်ရေးအတွက် ရှေ့ဆက်ဆောင် ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) ဒုတိယဝန်ကြီး နှင့်ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေ၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဥပဒေချုပ်ရုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)