ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာ ၃ ရက်

၃.၁၀.၂၀၂၁ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန် ဘားအံမြို့နယ်၊ ခြံကလေးကျေးရွာ၌ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဘားအံမြို့နယ် အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မာန်မြင့်ဟိန်းကုမ္ပဏီမှ တာ၀န်ယူဆောင် ရွက်သော ” ခြံကလေး-တောင်သူကုန်း-ဖအွံလမ်း ” နှင့် စိုးမိုးသူကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက် သော ” မိန်းမလှကျွန်း-ဖအွံလမ်း ” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)