ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဇန်နဝါရီ ၁၀ ရက်

၁၀.၁.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန် ကရင်ပြည်နယ်ဥပဒေချုပ်သည် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်သည့် အားကစားသမားများအား ထောက်ပံ့ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)