ဘားအံ၊ ဖေဖော်ဝါရီလ ၂၈ ရက်


၂၈.၂.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ပဥ္စမအကြိမ်လုပ်ငန်းကော်မတီ အစည်းအဝေးကို ဥပဒေရေးရာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးဆောင်၍ Hybrid ပုံစံဖြင့် ကျင်းပရာ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်နှင့်တကွ ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယပြည်နယ် ဥပဒေအရာရှိများ၊ ရုံးအဖွဲ့မှူး၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိနှင့် ဒုမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
