ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ် များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်  မေ  ၁၅

   ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

   အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

   ယင်းသို့ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ဒုတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ပထမအကြိမ်မှာ ကိုဗစ်-၁၉ ကပ် ရောဂါ အခြေအနေကြောင့် online ဖြင့်သာ ကျင်းပခဲ့ရကြောင်း၊ ယခုလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ မပြုလုပ်မီကလည်း လစဉ် Virtual  အစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ လက်ရှိ ကာလမှာ တရားဥပဒေစိုးမိုးရေး၏ အနှစ်သာရ တစ်ခုဖြစ်သော အကောင်အထည်ဖော် ရာလည်းရောက်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သော ဥပဒေအသိပညာ ပြန့်ပွားရေး (Legal Advocacy)ကိစ္စကို အလေးပေးဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တရားမျှတရေးအတွက် ဥပဒေ ဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)၏ မဟာဗျူဟာရည်မှန်းချက် နှင့်အညီ ဥပဒေရေးရာဝန်ကြီး ဌာနအပါအဝင် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအတွက် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်း ဆိုင်ရာ အခြေခံသင်တန်းများ၊ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း)စိစစ် အကြံပြုခြင်းဆိုင်ရာ သင်တန်းများ၊ တရားမမှုများလိုက်ပါဆောင်ရွက်ခြင်း သင်တန်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံ ဥပဒေအခြေခံသင်တန်းများတို့ကို ပို့ချနိုင်ခဲ့ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ လုပ်ငန်းတာဝန်များအား သိရှိနားလည်စေရန်နှင့် ဥပဒေ အသိပညာ ပြန့်ပွားစေရန် ရည်ရွယ်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအား ဥပဒေအသိ ပညာ ပြန့်ပွားရေးသင်တန်း(Legal Advocacy Training)ကို “နိုင်ငံဝန်ထမ်း အကြီးအမှူးများ အတွက် ဥပဒေရေးရာသင်တန်း”အဖြစ် ဤဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပြီး အသိအမှတ်ပြုလက်မှတ်(Certificate) ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း၊ Legal Advocacy Centre သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဖွင့်လှစ်ပြီးပါက ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်သင်တန်းများ ဝန်ကြီးဌာနပေါင်းစုံမှ အရာထမ်းများအတွက် ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊

          ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေအရ မိမိအနေဖြင့် ဥပဒေဘာသာပြန်ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရကြောင်း၊ ၂၅-၄-၂၀၂၂ ရက်နေ့တွင် ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေကို ပြင်ဆင်ခဲ့ကြောင်း၊ ပြင်ဆင်ချက်ဥပဒေရဲ့ အဓိကအချက်က အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းသော ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ကော်မရှင်က မြန်မာဘာသာပြန်ဆို၍ အတည်ပြု ထုတ်ပြန်ကြေညာထားသော ဘာသာပြန်ဆိုချက်ပါ ဖော်ပြချက်တစ်ရပ်ရပ် ကွဲလွဲ ပါက မည်သည့်ဖော်ပြချက်က အတည်ဖြစ်သည်ဆိုခြင်းကို ရှင်းလင်းတိကျစွာ ဖော်ပြရန် လိုအပ်နေသည့်အတွက် ပုဒ်မ ၁၂ ကို ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေဘာသာ ပြန်စာအုပ် အမှတ် (၁) မှ (၁၀) ထိ စာအုပ်များနှင့် အင်္ဂလိပ်-မြန်မာ ဥပဒေအဘိဓာန်တို့ကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ အမှာစာများ ပေးပို့ရောင်းချ ပေးလျက်ရှိပြီး ဥပဒေ ဘာသာပြန်အမှတ် (၁၀)စာအုပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးပို့ ထားပြီး ဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းသည် ဤဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ဖြစ်သဖြင့် ဥပဒေရုံးအဆင့်ဆင့် ကြီးကြပ်မှုဖြင့် ထိန်းကျောင်းမှုများကို အလေးဂရုထား လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက်ညွှန်ကြားချက်များကို ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသဖြင့် သေသေချာချာ ဖတ်ရှုပြီး လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိအနေဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင် လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်စွဲဖြင့် ပြဋ္ဌာန်း ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်- ၆၁/၂၀၂၁ အရ ဥပဒေရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၇/၂၀၂၁ ဖြင့် တရားလွှတ်တော်ရှေ့နေများကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ရှေ့နေများအပေါ် တိုင်ကြားသော တိုင်ကြားစာများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လိုအပ်သလို အရေးယူဆောင်ရွက်နိုင်စေရန် စိစစ်လေ့လာပြီး လွှဲပြောင်းပေးကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်မှုများနှင့် စပ်လျဉ်းပြီး တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀(၁) အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထား ပြန်ကြားခြင်း ပြုလုပ်ခဲ့ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ Enroll စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ ဝင်ခွင့်နည်း ဥပဒေများနှင့်အညီ တရားလွှတ်တော်ရှေ့နေ ဝင်ခွင့်အတွက် စိစစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားလွှတ်တော်ရှေ့နေ များ၏ ဝင်ကြေး၊ နှစ်စဉ်ကြေးတွေ ပေးသွင်းတာကို လက်ခံဆောင်ရွက်ပေးကြောင်း၊ တရားလွှတ်တော်ရှေ့နေ များ၏ တရားလွှတ်တော်ရှေ့နေ မှတ်ပုံတင်ကတ်(Smart Card) ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စီမံရေးရာကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ပြန်တမ်းကို ၄ လလျှင် တစ်ကြိမ် ထုတ်ဝေနိုင်ရေးအတွက် စတင်စီစဉ်ဆောင်ရွက်ခဲ့ရာ ပြန်တမ်းအတွဲ(၁)၊ အမှတ်(၁)ကို (၃၁-၃-၂၀၂၂)ရက် နေ့တွင် ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ကြောင်း၊

   ပြည်နယ်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဥပဒေအရာရှိများအနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့် တိုးတက်ကောင်းမွန်ရေးကို ရှေးရှုပြီး တင်ပြဆွေးနွေး အကြံပြုကြဖို့ တိုက်တွန်းပြောကြား လိုကြောင်း မှာကြားပါသည်။

   ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာ လုပ်ဆောင်ချက်များကို Video Clip ဖြင့် ပြသခဲ့ပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန၏ ဝန်ကြီးဌာနဖွဲ့စည်းပုံ နှင့်အညီ အသစ် ဖွဲ့စည်းခဲ့သော ဌာနခွဲ၊ ဌာနစိတ်များ၏ လုပ်ငန်းတာဝန်များအား ဒုတိယအမြဲတမ်းအတွင်းဝန်မှ ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက မိမိတို့ ဒေသ၏ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ရုံးလုပ်ငန်းများကို အသီးသီးတင်ပြ ဆွေးနွေး ကြပြီး၊ လုပ်ငန်းဆိုင်ရာများကို သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက မိမိတို့၏ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ ကြသည်။

   အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်း ဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ တက်ရောက်ကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)