ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဇွန် ၂၈ ရက်

၂၈.၆.၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်ဥပဒေချုပ်  ဦးရဲလွင် သည် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင့် ကြသော ကျောင်းသူ/ကျောင်းသားများ၊ အောင်ချက်ကောင်းသောမြို့နယ်နှင့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ၀န်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)