” မွေးမြူရေးဇုန်အဝင်လမ်း ” ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဘားအံ၊ သြဂုတ် ၂၀ ရက်

၂၀.၈.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ အချိန် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ ဘားအံ မြို့နယ်အတွင်း ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော လှာကဒေါင်ကျေးရွာအုပ်စု ” မွေးမြူရေးဇုန်အဝင်လမ်း ” ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူထူထုများ တက်ရောက်ခဲ့ကြပါသည်။