ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားတက်‌ရောက်

ဘားအံ၊ စက်တင်ဘာ ၃ ရက်

၃.၉.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန် ကမော့ကစင်ကျေးရွာ၊ ဘားအံမြို့နယ်တွင် ကျင်းပပြုလုပ်သော ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်၍ စုပေါင်း ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်ယာစိုက် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)