ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းများအတွက် နှစ်ဦးကာလဆန်၊ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီလ ၆

          ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ နှစ်ဦးကာလအတွက် ဆန်၊ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁:၀၀ နာရီ အချိန်တွင် ဝန်ကြီးဌာနမြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက အရာထမ်း၊ အမှုထမ်းများ၏ သက်သာချောင်ချိရေး အထောက်အပံ့ဖြစ်စေရန် ဥပဒေ ရေးရာဝန်ကြီးဌာန၏ ဥပဒေစာအုပ်များ ထုတ်ဝေခြင်းနှင့် သက်သာချောင်ချိရေးရန်ပုံငွေမှ ပေးအပ် ခြင်းဖြစ်ကြောင်း၊ နှစ်သစ်တွင် ပျော်ရွှင်တက်ကြွစွာဖြင့် တာဝန်ကျေပွန်စွာ ရုံးလုပ်ငန်းများ ဆောင်ရွက် စေလိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးများထံသို့ ဆန်၊ဆီများ ထောက်ပံ့ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရပါသည်။

သတင်းစဉ်