ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၉

ဥပဒေအရာရှိ အဆင့်-၄(အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနသည် တရားဥပဒေစိုးမိုးရေးဆီသို့ ဟူသည့် မဟာဗျုဟာစီမံကိန်း (၂၀၁၅-၂၀၁၉)ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ တရား မျှတမှုအတွက် ဥပဒေဝန်ဆောင်မှုဟူသည့် မဟာဗျုဟာစီမံကိန်း(၂၀၂၀-၂၀၂၄)ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေ ဝန်ဆောင်မှုပေးနေသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ဥပဒေမူကြမ်းများကို စိစစ်အကြံပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုမ်စာတမ်းများ၊ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်အကြံပေးခြင်း၊ တရားစွဲအမှုလိုက် လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိသော ဥပဒေရေးရာကိစ္စရပ်များကို ဥပဒေ အကြံပေးခြင်း၊ တရားစွဲအမှုလိုက်လုပ်ငန်းများတွင်လည်း နိုင်ငံတော်သက်မှ လိုက်ပါဆောင်ရွက် ခြင်း စသည့်ဥပဒေ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် ဥပဒေ ဝန်ဆောင်မှုအနေဖြင့် မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS)ကိုလည်း တည်ထောင် ထားရှိပါကြောင်း၊ သင်တန်းတွင် သင်တန်းသားများသိသင့်သိထိုက်သည့် ဥပဒေများ၊ နည်းဥပဒေ များ၊ ရုံးလုပ်ငန်းနှင့် တရားစွဲအမှုလိုက်ကိစ္စများ၊ မဟာဗျူဟာစီမံကိန်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ မျှတသော တရားစီရင် ရေးဆိုင်ရာ စံနှုန်းများဖြင့် ပြည့်ပြည့်စုံစုံ ပို့ချပေးမည့်အပြင် ပြင်ပ ပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးအား ဖိတ်ခေါ်၍ ပို့ချပေးမည်ဖြစ် ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းတွင် သင်ကြားပို့ချချက်များကို ကြိုးစားသင်ယူ လေ့လာ မှတ်သားကာ ပြည်သူများအတွက် ထိရောက်သော ဥပဒေဝန်ဆောင်မှုများ ပေးနိုင်သော ဥပဒေ အရာရှိကောင်းများ ဖြစ်စေရန် ကြိုးစား အားထုတ်ကြစေလိုပါကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တာဝန် ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူ ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) ၁၀၀ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်