ဘားအံ၊ ဖေဖော်ဝါရီလ ၁၁ ရက်

၁၁.၂.၂၀၂၃ ရက်နေ့ ၀၈:၀၀ အချိန် ဘားအံမြို့နယ်၊ ဘားအံမြို့ဝင်အဝိုင်းအနီး၊ ဘားအံမြို့ရှောင် လမ်းတွင် ကျင်းပပြုလုပ်သည့် ” ဘားအံမြို့ရှောင်လမ်း၊ ကတ္တရာလမ်းသစ်” ဖွင့်ပွဲအခမ်းအနား သို့ လည်းကောင်း၊ ၀၈:၁၅ အချိန် ဘားအံမြို့အဝင် (မော်လမြိုင်ဘက်ခြမ်း) လမ်းဆုံအဝိုင်းတွင် ကျင်းပပြုလုပ်သည့် “ ရတနာဆင်ဖြူတော်(၄)စီးနှင့် ရွှေဖားစည်အဝိုင်းဖွင့်ပွဲအခမ်းအနား” လည်းကောင်း၊ ၁၁.၂.၂၀၂၃ ရက်နေ့ ၀၂:၀၀ အချိန် ဘားအံဂေါက်ကလပ်တွင် ကျင်းပပြုလုပ်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
